⭐️7.6
ဒေါက်တာစထရိန့်ဂျ် ရုပ်ရှင်အသစ်စက်စက်လာပါပြီ။ ဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။
ဝန်ဒါဗီရှင် စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါပြီ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး
တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့
အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို
နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို
အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်…။