Ad P1
Ad P2

The Admiral: Roaring Currents (2014)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး….ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး…ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်… လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း တကွဲတပြားတွေဖြစ်နဲ့ဆိုတော့ ဒီတိုက်ပွဲက သူ့အတွက်အခက်အခဲဆုံးပါပဲ…ကိုင်းသူဘယ်လိုတွေပြင်ဆင်လဲ…ဘယ်လိုတွေတိုက်ခိုက်လဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…The Admiral: Roaring Currents(၂၀၁၄) ရုပ်ရှင်ကတော့ တောင်ကိုရီးယား Box Officeရဲ့ သမိုင်းမှာ (135)သန်းကျော်နဲ့ ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားကောင်း ရာဂဏန်းထွက်နေတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ ၄ နှစ်ကြာအောင် ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိသေးပါဘူး။ ဝေဖန်ရေးဆရာဝန်တွေ သမိုင်းပညာရှင်တွေ အကြိုက်တွေ့ခဲ့ပြီး ၆၁ မိနစ်ကြာ တိုက်ပွဲခန်း ရှည်ကြီးဟာ တစ်ချက်မှ မပျင်းရဘူးလို့ ဟောလိဝုဒ်ကဝေဖန်ရေးသမားတွေကလည်း ချီးကျူးကြပါတယ်။နောက်ခံတေးဂီတနဲ့ တိုက်ပွဲပုံဖော်မှုတွေက သိပ်ကောင်းသလို ချွဲမင်ဆစ်ရဲ့ သရုပ်ဆောင်မှုကတော့ အထူးညွှန်းနေစရာတောင်မလိုပါဘူး။ (I saw the devil ကြည့်ဖူးရင် သူဟာဘယ်လိုသရုပ်ဆောင်လဲ ဆိုတာ သိသာပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...