The Croods: A New Age (2020)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


The Croods: A New Age (၂၀၂၀) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာခဲ့တဲ့”မနက်ဖြန်”ဆိုတဲ့နေရာလေးကို ရှာဖွေရင်းတစ်နေ့မှာ ဂူတွေထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်မိသားစုနဲ့တွေ့သွားတဲ့အခါ ရင်းနှီးသွားပြီးခရုစ်မိသားစုရဲ့သမီးပျိုလေး အိဗ်နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့”မနက်ဖြန်”ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည်ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ၊အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ၊ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုနှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ?တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး။




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬