Wonder Woman 1984 (2020)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


၂၀၁၇ က ထွက်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ DC Comics တွေထဲမှာတင်မဟုတ်ဘူး Superhero ကားတွေထဲမှာပါ အကောင်ဆုံးရုပ်ရှင်ကားတစ်ကား။ Perfect မဟုတ်ပေမဲ့ Superhero ကား (အထူးသဖြင့်) အမျိုးသမီး Superhero ကားဆိုတာ ဒီလိုရိုက်ရတယ် ဆိုပြီး ရှေ့ဆောင်လမ်းပြခဲ့သလိုမျိုးကို အောင်မြင်ခဲ့ပါတယ်။ Gal Gadot နဲ့ Chris Pine တို့ရဲ့ သရုပ်ဆောင်မှုနဲ့ chemistry, Wonder Woman ရဲ့ အပြစ်ကင်းစင် ပြုံးရွှင်နေတဲ့ အပြုံးနဲ့အတူ လူတွေကြားမှာ စစ်မက်တွေ ကင်းမဲ့အောင် ကြိုးပမ်းမှု၊ အမျိုးသမီးတွေကို နှိမ့်ချနေတဲ့ discrimination တွေကို မားမားမတ်မတ် ရပ်တည်ပြမှု၊ စစ်သည်တွေကို ဦးဆောင်နိုင်မှု စတာတွေကြောင့် Wonder Woman ရုပ်ရှင်ဟာ serious ဖြစ်သလောက် ပျော်လည်းပျော်၊ အားလည်းတက်ရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ WW84 မှာတော့ Patty Jenkins နဲ့ အဖွဲ့တွေဟာ အရင်ကားလိုမျိုး formula အတိုင်းပဲ သွားခဲ့ပါတယ်။ 1984 theme ဆိုတော့ အရောင်စုံ လင်းလက်နေပြီး မျှော်လင့်ချက်တွေ၊ ပျော်စရာတွေ ပိုယူဆောင်လာမဲ့အထာပေါ့။ ဇာတ်လမ်း concept ကလည်း မိုက်တယ် မဆိုးဘူး။ ဒီမှာအပြောအရဆို “message” ကောင်းကောင်း ပေးနိုင်မဲ့ဟာမျိုး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဇာတ်က over တွေဖြစ်ပြီး အရင်ကားနဲ့ ဘာမှကိုမဆိုင်တော့အောင် ဖြစ်နေခဲ့ပါတယ်။ Wonder Woman ဆိုတာ ဘယ်လိုကြမ်းကြောင်း၊ ဘယ်လို epic ဖြစ်ကြောင်း၊ လူတွေကို ဘယ်လိုကယ်ကြောင်း အမျိုးသမီးငယ်လေးတွေကို ဘယ်လိုမျိုး hope and inspiration တွေယူဆောင်လာကြောင်း စတာတွေကို အရမ်းအရမ်းကို လုပ်ပြထားတယ်။ ကာတွန်းကားဆန်ဆန်ဖြစ်နေတယ်။ ကလေးတွေဆို ကြည့်ပြီး ရယ်ကြ သဘောကျကြမဲ့ အကွက်တွေ ထည့်ထားတယ်။ Slow motion တွေ စွတ်သုံးထာတယ်။ ဒီလို Over ဖြစ်နေတဲ့ script နဲ့ edit တို့ကြောင့် WW84 ဟာ DC က Superhero ကားတစ်ကား ပုံစံမဟုတ်ဘဲ Disney channel မှာလာနေတဲ့ ကလေးကြည့် ဇာတ်လမ်းတွဲတစ်ပုဒ်လိုမျိုးကိုဖြစ်နေတယ်။ Femenism ကိုပြတာမှာလည်း အရင်ကားလိုမဟုတ်ဘဲ အရမ်းကိုပြီးစလွယ်ဖြစ်လာတယ်။ သတိထားကြည့်ရင် Wonder Woman ကယ်တာခံရတဲ့ ကလေးတွေအပါအဝင် victim တွေ အားလုံးနီးပါးက အမျိုးသမီးတွေဖြစ်ပြီး ယောင်္ကျားတွေ နမော်နမဲ့လုပ်လို့ ဝင်ကယ်လိုက်ရတာချည်းပဲ။ အဲအပြင်လည်း ယောင်္ကျားတစ်ယောက်မှ ကောင်းတာမပါဘဲ အားလုံးက စော်ချောချောလေးမြင်တာနဲ့ hey ဆိုပြီး ဝိုင်အော်ကြတဲ့ super နှာဘူးတွေချည်းပဲဖြစ်နေတယ်။ Wonder Woman (၂၀၁၇) တုန်းကလို တကယ်ကို epic and powerful လည်းဖြစ် meaningful ဖြစ်တဲ့အခိုက်အတန့်တွေမပါပဲ သက်သက်ကြီးလုပ်ပြနေတာမျိုးတွေပဲ ပိုများနေတယ်။ တချို့ cut တွေဆိုလည်း လုံးဝမထည့်ရင် ရသလောက် နားမလည်မှာစိုးလို့လားမသိဘူး အတင်းကြီးလုပ်ပြထားတာတွေရှိတယ်။ Truth is beautiful ဆိုတာကလည်း ပြောလို့သာ လူကြားကောင်းတာပါ။ လောဘမတက်ကြတဲ့ပေါ့။ မိုက်တယ် concept က။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် အလုပ်မဖြစ်ပါဘူး။ သူကတော့ ပြောနိုင်တာပေါ့ Amazon က Goddess ချောပြီးသား လှပြီးသား၊ တော်ပြီးသား။ စစ်ဘေးရှောင် ငတ်ပြတ်ပြီး ဘယ်တော့သေရမလဲ ဘယ်ပြေးရမလဲ မသိတဲ့ မိဘမဲ့ ကလေးတွေအတွက်တော့ truth is beautiful သွားလုပ်နေလို့မရပါဘူး။ သရုပ်ဆောင်တွေမှာလည်း Gal Gadot ကတော့ Gal Gadot ပဲ။ Steve ကိုကြည့်တဲ့ မျက်လုံးနဲ့အပြုံးတွေနဲ့ သူ့ရဲ့ ဝမ်းနည်းမှုတွေကတကယ့် top notch acting ဖြစ်ပြီး ရုပ်ရှင်ရဲ့ ရှားရှားပါးပါး ကောင်းကွက်တစ်ခုလည်းဖြစ်ပါတယ်။ Chris Pine လည်း မိုက်တယ်။ သနားမိတာကတော့ Pedro Pascal ပါပဲ။ Mandalorian နဲ့ Game of Thrones မှာ ကြမ်းခဲ့သလောက် ဒီမှာတော့ ငပေါကြီးလိုဖြစ်နေတယ်။ ကြိုးတော့ ကြိုးစားပါတယ် တချို့အခန်းတွေဆို သူဘယ်လောက်လုပ်နေလည်း သိသာတယ် ဒါပေမဲ့ script နဲ့ direction အောက်မှာ အူကြောင်ကြောင်နိုင်နေခဲ့တာတွေ များတယ်။ Max Lord နဲ့ Barbara တို့နှစ်ယောက် ပြောတဲ့အခန်းဆိုရင် ဟာသ sitcom တစ်ခုမှာ ဟာသတွေ ပြောနေတဲ့အခန်းလိုမျိုး တော်တော်လေး ကြည့်ရဆိုးတယ်။ DC ကားတစ်ကားအနေနဲ့ villain character ကို ဒီထက်အများကြီး ပိုကောင်း ပိုလှအောင် လုပ်ပြထားနိုင်ရက်နဲ့ တော်တော်နှမြောဖို့ကောင်းတယ်။ Action sequnce တွေက တချို့ပြောသလောက် မနည်းပါဘူး။ ကျွန်တော့် personal taste အရကတော့ action sequence များဖို့မလိုဘူး လိုအပ်သလောက် ထိထိရောက်ရောက် ပါရင် ရပြီ။ WW84 မှာ action sequence တွေက 1 တုန်းကလောက် သိပ်အားမရနိုင်ဘူးလို့ မြင်ပါတယ်။ ကြိုးတစ်ချောင်းနဲ့ ဟိုခုန် ဒီခုန် swing လုပ်နေတဲ့ cool move တွေပဲများပြီး သူ့ရဲ့ fighting skill ကို သေချာပြနိုင်မဲ့ဟာမျိုးတွေ မပါခဲ့ဘူး။ Final fight မှာတော့ CG က Black Panther Final Fight ထက်တော့ ပိုကောင်းတယ်၊ ဒါပေမဲ့ ထိရောက်မှု ရှိမနေပါဘူး။ Black Panther ထက်ပိုကောင်းတယ်ဆိုတာ ဒီတစ်ခန်းလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ action sequence တွေမှာတော့ Marvel ကို လုံးဝမမီသေးပါဘူး။ Creative ဖြစ်အောင်လည်း မပြနိုင်သေးဘူး။ ဥပမာ သူပြေးတဲ့အခန်းဆို Black Panther နဲ့ Captain America တို့ပြေးသလောက် ကြည့်မကောင်းဘဲ တစ်မျိုးကြီးပဲ။ ကြည့်ရ အဆင်မပြေဘူး။ ဆိုတော့ အရင်ကားမှာ အရမ်းမိုက်သလောက် အခုကားမှာဘာကြောင့် ဒီလောက်ဖြစ်သွားလဲတော့ မသိဘူး။ အရမ်းကောင်းတယ်လို့ ဝိုင်းပြောလို့ပဲ လွတ်သွားတာလား။ တစ်ခုရှိတာ ဟိုနေ့က Patty Jenkins ပြောပုံအရဆို Wonder Woman (၂၀၁၇) ရဲ့ ဇာတ်သိမ်းက သူ့ original vision မဟုတ်ဘဲ WB အကြိုက်ရိုက်ခဲ့ရတာတဲ့။ ဆိုတော့ WW84 ကိုလည်း ပိုပျော်ဖို့ကောင်းအောင်၊ younger audience တွေပါ ကြည့်လာအောင် လုပ်ခိုင်းပြန်သလားတော့ မသိဘူး။ ပထမကား ဘယ်လောက်ကောင်းကောင်း WB ဝင်ပါမှ sequel တွေဂွမ်းကုန်တာ ဆန်းတဲ့ဟာတော့ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် WW84 ရုပ်ရှင်ဟာ worthy sequel ဖြစ်မလာခဲ့တာကတော့ နှမျောစရာပါပဲ။




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬