Ad P1
Ad P2

King Arthur (2004)

Premium By Shine Design With Shroff Templates
Poster
⭐️6.3


ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်….။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating အရမ်းလွင့်နေအောင် ကောင်းတဲ့ထဲမပါပေမယ့် ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ ကျွန်တော်တော့ King arthurကားတွေထဲ ဒီကား အကြိုက်ဆုံးပါပဲ။သမိုင်းဆိုတာတွေက ဘယ်အခါမှာမှ တိတိပပ မမှန်ခဲ့ပါဘူး…။ ရှေ့လွဲနောက်ပြင်ပါပဲ။ ဒီရုပ်ရှင်က ဇာတ်လမ်းဟာ King Arthurရဲ့ ဒဏ္ဍာရီအမှန်နဲ့ အနီးစပ်ဆုံး ယူဆရပါတယ်။ ပြောရရင် မ‌အအောင် ကြည့်ထားတာကောင်းပါတယ်။ ဒီရုပ်ရှင်က Knightတွေရဲ့ ပေးဆပ်ခဲ့မှုတွေကတော့ မှန်သည်ဖြစ်ဖြစ် မမှန်သည်ဖြစ်ဖြစ် ဝမ်းနည်းတသသ ဖြစ်စေပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးထားသူကတော့ WiRa Aung ပါ )။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...