Ad P1
Ad P2

Godzilla: King of the Monsters (2019)

Premium By Shine Design With Shroff Templates
Poster
⭐️6.6


MonsterVerse ရဲ့ ၃ ကားမြောက် ရုပ်ရှင်ကားကတော့ Godzilla(၂၀၁၉) ဖြစ်ပါတယ်။ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်.. ကြည့်လိုက်တိုင်းလည်း လူသားတွေရဲဲ့ပြသနာရှာမှုတွေကို ဂေါ်ဇီလာကပဲ လိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ… ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ် ဒါပေမယ့် တကယ်တမ်းပြသနာတက်လာခဲ့ရင်လည်း အဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ…. အဲချိန်ကျမှ ဟေးခနဲ ၀ါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်း လူသားတွေပါပဲ….ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့ ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်…. အသေချကြပါတယ်….. အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်.. အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်…. အဲအသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက် မိုက်တယ်ကွာလို့တောင် ပြောမိတယ်…. ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့ Epic Battle တစ်ခုကိုခံစားပြီးပါပြီ… End Game က Final Scene ပါ…. နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့ ဒီကားထဲက Godzilla နဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့ တိုက်ပွဲပါပဲ… တကယ်လည်းမိုက်တယ် …. အသေချတယ်…. ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ …. ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီး ရင်ခုန်ပြီးကြည့်နေရတာပါ…. ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင် လုံးဝတန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်…ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကို အားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေ… ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီးတော့ Rating 6.6 ရရှိထားပါတယ်.. Rating နည်းတာကိုမကြည့်ပါနဲ့…တိုက်တန်ကြီးတွေရဲ့ Battle တွေကိုကြည့်ကြည့်ပါ… လုံးဝအလန်းကြီးတွေပါ………ဇာတ်လမ်းသဘောအရတော့ ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာ အခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။ ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့် အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။ အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက် ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တယ်……




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...