⭐️5.9
2 Fast 2 Furious (၂၀၀၃)F1 ကပြဿနာမျိုးစုံပြီးတဲ့နောက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီး အရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ် အမှုငယ်ပေါင်းများစွာနဲ့ပေါ့။ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး သတင်းအရမ်းထွက်နေတယ်။သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်း ငွေဖြူအချီကြီးလုပ်ဖို့ စီစဉ်နေတယ်လို့သတင်းရနေတယ်။ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့ အသုံးချပါတော့တယ်။