Ad P1
Ad P2

Season of the Witch (2011)

Premium By Shine Design With Shroff Templates
Poster
⭐️5.4


14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။အဲဒီမြို့ရဲ့ ဘုန်းတော်ကြီးချုပ်က Bhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။ နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား ခရီးစဉ် အဆုံးမှာ ဘယ်လို အရာတွေကရော စောင့်နေမလဲ Bhemen နဲ့ Felson တို့ကရော ရှေ့တန်းစစ်တိုက်နေရာကနေ ဘာတွေဖြစ်ခဲ့လို့ ဒီလို အဖြစ်တွေကို လိုက်ပါ လုပ်ဆောင်နေရတာလဲ ဆိုတဲ့ အကြောင်းတွေကို အတွေးပေါင်းများစွာ နဲ့ Season of The Witch – ၂၀၁၁ကို အဆုံးထိ ကြည့်ဖို့ တိုက်တွန်းပါရစေ။ Bhemen အဖြစ် သရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး Nicholas Cage ပဲ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...