⭐️5.3
Viy (၂၀၁၄) Forbidden EmpireNikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား မှော်ဇာတ်ကားပါ…ဇာတ်လမ်းကတော့…
၁၈ ရာစုနှစ်မှာ မြေပုံရေးဆွဲသူတစ်ယောက်ဖြစ်တဲ့ ဂျော်နသန်ဂရင်းဟာ မြေပုံပေါ်မတည်ရှိသေးတဲ့ ထရန်စဗေးနီးယားမြေတွေကို ရေးဆွဲဖို့အတွက် ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ တောအုပ်တွေကြားက လူသူမသိတဲ့ သီးခြားဖြစ်နေတဲ့ ထူးဆန်းတဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပြီး
ဆန်းကြယ်တဲ့ သတ္တဝါဆန်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။
ဒေသခံတွေက အဲဒီအကောင်ကြီးကို ဗွီလို့ခေါ်ကြပြီး အင်မတန်မှကြောက်ရွံ့ကြပါတယ်။
အဲဒီနေရာကနေ ထွက်သွားနိုင်ဖို့အတွက်ကြိုးစားရင်း ကျိန်စာသင့်နေတဲ့မြေက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ လမ်းစတွေ့လာတဲ့အခါ ဂျော်နသန်က စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဘယ်လိုမျိုးတွေတွေ့ကြုံရမလဲနဲ့ အဲဒီအကောင်ကြီးရဲ့ အရင်းအမြစ်ကရော ဘာလဲဆိုတာကိုတော့…။