ဒီရှိုးဟာ Netflix ရဲ့ နာမည်ကြီး ခန္ဓာကိုယ်အားအင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Physical: 100 ဖန်တီးသူတွေရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်ပြီး ကြီးကြပ်သူအဖြစ် ကိုးရီးယားအက်ရှင်ထိပ်တန်းမင်းသားကြီး မာဒုံဆော့ ပါဝင်ထားတဲ့အပြင်ကိုမှ အစီအစဉ်တင်ဆက်သူများအဖြစ် ကိုယ်လက်ကြံ့ခိုင်မှုအရာတွင် မသိသူမရှိတဲ့ ဂင်ဂျုံဂုနှင့်အတူ ကိုယ်ခန္ဓာကို ကြံ့ခိုင်မှုရှိုးအစီအစဉ်တွေမှာ ခွန်အားသက်လုံကို ပြသနိုင်လေ့ရှိတဲ့ Dex က ပါဝင်အားဖြည့်ပေးထားပါတယ်။
မတူညီတဲ့အသက်အရွယ် ကွာခြားတဲ့အရွယ်အစား ကွဲပြားတဲ့ဝိတ်တန်းအဆင့်တွေကြားထဲမှာ အထူးချွန်ဆုံးသော လက်ဝှေ့သမားဆိုတဲ့ ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ကြတိုက်ခိုက်ကြမယ့် တောင်ကိုးရီးယားအမျိုးသားအယောက် ၉၀ ဟာ ဘယ်လိုနည်းဗျူဟာတွေ ဘယ်လောက်ထိ အားပြင်းတဲ့လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမယ့် အစီအစဉ်ကောင်းတစ်ခုဖြစ်တာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။