Ad P1
Ad P2

The Man Who Knew Too Little (1997)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


မင်းသားကြီး Bill Murray ဦးဆောင်ပါဝင်ထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Wallace Ritchie တစ်ယောက် သူ့ညီရှိတဲ့ လန်ဒန်ကို အလည်ရောက်လာခဲ့ပါတယ်။ သူ့မွေးနေ့ကို ညီဖြစ်သူနဲ့ ဖြတ်သန်းဖို့ပါ။ ညီဖြစ်သူ James Ritchie က ဘဏ်မန်နေဂျာတစ်ယောက်ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့မှာပဲ သူ့ရဲ့ မိတ်ဆွေတွေနဲ့ ညစာစားပွဲ ကျင်းပဖို့ စီစဥ်ထားတာပါ။ အစ်ကိုဖြစ်သူက ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဟာသတွေ ဖြစ်သလိုလျှောက်ပြောတတ်တာကြောင့် သူ့ရဲ့ ဧည့်ကောင်းဆောင်ကောင်းတွေကြားမှာ အနှောင့်အယှက်ဖြစ်မှာ စိုးနေပါတယ်။ လန်ဒန်ရဲ့ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရတဲ့ ဘဝရဲ့ဇာတ်ခုံ ပြဇာတ်မှာ ပါဝင်ဖို့ အစ်ကိုဖြစ်သူကို ခေါ်သွားခဲ့ပါတယ်။
အဲ့ဒီပြဇာတ်ဟာ တိုက်ခန်းအစစ် လမ်းအစစ် နေရာအစစ်တွေမှာ တကယ် သရုပ်ဆောင်နေသလိုမျိုး ပါဝင်ရတာ ဖြစ်ပါတယ်။ James နဲ့ Wallace တို့ ညီအစ်ကို နှစ်ယောက် လမ်းဘေးကဖုန်းရုံနားမှာ ပြဇာတ်အဖွဲ့က ဖုန်းခေါ်လာမှာကို စောင့်နေချိန်မှာ ဖုန်းဝင်လာပြီး တစ်ဖက်ကလူတစ်ယောက်က Spenser ဆိုတဲ့လူကို လိပ်စာတစ်ခုပေးပြီး အဲ့ဒီလိပ်စာရောက်ရင် အပေါ်ထပ်မှာ ရှိတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို သတ်ပြီး အလောင်းဖျောက်ဖို့ တာဝန်ပေးပါတယ်။
James က သူ့အစ်ကိုကို ဖုန်းခေါ်လာသူဟာ ပြဇာတ်အဖွဲ့ကဖြစ်ကြောင်းပြောပြီး ထိုသူပေးတဲ့ လိပ်စာကိုခေါ်သွားပေးခဲ့ပါတယ်။
တကယ်က လူသတ်သမားရဲ့ ဖုန်းနဲ့ မှားဆက်သွယ်မိပြီး Wallace တစ်ယောက်အလွဲလွဲအချော်ချော်ဖြစ်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ဟာသကားကောင်းမို့လို့ ခံစားကြည့်ရှုဖို့ တိုက်တွန်းပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open