၁၆၀၀ ၀န်းကျင်ကာလ ဆာမူရိုင်းဂျပန်တို့ရဲ့ နယ်မြေနဲ့ ဓလေ့တွေ ခေတ်စနစ်တွေကို အခြေတည်ထားပါတယ်။ တိုင်ကိုဘုရင်တိမ်းပါးခဲ့ပြီး ငယ်ရွယ်သေးတဲ့ ဆက်ခံသူလောင်းလေးအရွယ်မရောက်ခင် အင်အားကြီးမားလာတဲ့ တိုရာနာဂါ သခင်နဲ့ ရင်ခွင်ပိုက်အုပ်ချုပ်သူကောင်စီ၀င် ၅ ယောက်တို့ကြားက အာဏာလု အားပြိုင်မှု….
ဂျပန်ရဲ့ စီးပွားရေးလူမှုရေးတွေကို လက်၀ါးကြီး အုပ်ချင်တဲ့ပေါ်တူဂီနဲ့ ဂျပန်ကိုခြေချဖို့ကြိုးစားနေတဲ့ အင်္ဂလိပ်တိုင်းပြည်တို့ရဲ့ မသိမသာ စိမ့်၀င်မှုတွေနဲ့..
နယ်မြေအားလုံးရဲ့ အရှင် ရှိုးဂန်းသခင်ဖြစ်လာဖို့ လိုအပ်တဲ့အင်အားအတွက် မုန်တိုင်းမိလို့သောင်တင်လာတဲ့ သင်္ဘောပေါ်က ပိုင်းလော့ဘလက်သွန်းရဲ့ အသုံး၀င်လာတဲ့အခန်းကဏ္ဍ…. စသည်ဖြင့် ဇာတ်ကောင်တစ်ခုချင်းစီအလိုက် စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်တဲ့ Historical Drama Serie လေးပါ။
စုစုပေါင်း ၁၀ ပိုင်းပါ၀င်မှာဖြစ်ပြီး တစ်ပိုင်းကိုတစ်နာရီကျော်ကြာမြင့်တဲ့ စိတ်၀င်စားစရာဇာတ်အိမ်နဲ့ ကားလေးပါ။ IMDB 9.3/10 ရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Hiroyuki Sanada ..Anna Sawi…Cosmo Javis တို့ကခေါင်းဆောင်ပါ၀င်ထားပါတယ်။ Historical ကြိုက်သူများ နှစ်သက်မယ့်ကားလေးပါပဲ။ ရှုစားကြပါဦး။