ဒီလိုနဲ့ သစ်တောတွေ တဖြည်းဖြည်းပြုန်းတီးလာတဲ့အခါ Luo Xiaohei လည်း သူ့အိမ်ကနေထွက်ပြေးခဲ့ရပြီး အိမ်အသစ်ရှာပုံတော်စရပါတော့တယ်။
Luo Xiaohei ဟာ အသက်ရှင်ဖို့ရုန်းကန်နေရချိန်မှာ Feng Xi လို့ ခေါ်တဲ့ Spirit တစ်ကောင်နဲ့ ဆုံမိပြီး Spirit တွေချည်းနေထိုင်တဲ့ သီးခြားကျွန်းတစ်ခုဆီ ခေါ်ဆောင်သွားခံခဲ့ရပါတယ်။
Xiaohei တစ်ယောက် သူနေစရာအိမ်အသစ်တွေ့ပြီလို့ စိတ်လှုပ်ရှားလို့မပြီးသေးခင်မှာ Feng Xi ကို လိုက်ဖမ်းနေတဲ့ လူသား Wuxian ရောက်ချလာတော့တို့ အုပ်စုက Teleport ပြီးထွက်ပြေးသွားကြပါတယ်။
ဒီလိုနဲ့ လူသားနဲ့ spirit တွေကြား Luo Xiaohei တစ်ယောက်ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ …