လက်ပွါးမင်းသားနဲ့အပြိုင် RRR ဇာတ်ကားမှ အန်တီရာမာရောင်ဝ်မှ ဗီလိန်နေရာ သရုပ်ဆောင်ထားပြီး အဓိကမင်းသမီးနေရာကတော့ အခုနောက်ပိုင်း ဘောလီးဝုဒ်လောကမှာ နာမည်တစ်ရှိန်ထိုးတက်လာတဲ့ လှပျိုဖြူအချောလေး ကီရာယာပါ။
ရုံတင်တုန်းကလည်း ကုဋေသုးရာကျော်ဝင်ငွေနဲ့အတူ တတိယဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ထားတာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပထမကား မှာ တိုက်ဂါးသေဆုံးပြီးနောက်ပိုင်း လက်ပွါးတစ်ယောက် ကြေးစားအနေနဲ့ တစ်ကိုယ်တော်လှုပ်ရှားနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျောင်းတော်ကရန်စတွေရှိခဲ့တဲ့ ငယ်သူငယ်ချင်း ဗစ်ကရမ်နဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့….
အိန္ဒိယစပိုင်ဇာတ်ကားများထုံးစံ မြှုပ်ကွက်ပေါင်းစုံ အလှည့်အပြောင်းအစုံအပြင် အက်ရှင်ခန်းမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုအားပေးရမယ့် ဇာတ်လမ်းလေးပါ။
ဘောလီးဝုဒ်ရဲ့ အထူးပြုလုပ်ချက်ကောင်းကောင်းတွေ အက်ရှင်ခန်းအလန်းစားတွေကြည့်ရမှာ လုံးဝကိုတန်မယ့် ဇာတ်ကားလေးဖြစ်တာမို့ဘောလီးဝုဒ်ပရိသတ်တွေအတွက် ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်