တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။ စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့ သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ် တဲ့ Nechama Tec ရဲ့ဝတ္တု့ကို ပြန်လည်အသက်သွင်းထားတာပါ။ သရုပ်ဆောင်တွေကတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးဖြစ်တဲ့ Daniel Craig နဲ့ Wolverine အကိုအဖြစ် သရုပ်ဆောင်ဖူးတဲ့ Liev Schreiber တို့က ပါဝင် သရုပ်ဆောင် ထားကြပါ။