ဒါပေမဲ့လည်း Willowလောက်နီးနီးတော့ ကြည့်ကောင်းတယ်။ ဒီလို စွန့်စားခန်းကားတွေက ထွက်တာလည်း သိပ်တော့မများပါဘူး။ ကြိုက်တဲ့လူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းကျသလိုဖြစ်ကောင်းဖြစ်မယ်။
တိုင်းပြည်တစ်ပြည်ရှိတယ်။ စစ်မက်တွေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်ပေါ့။ ဒီအခြေအနေမှာ နက်ခ်ရိုမန်နွန်ဆိုတဲ့ ဆိုးယုတ်တဲ့မှော်ဆရာတစ်ယောက်က ကမ္ဘာကြီးကို အမှောင်ထုလက်ထဲ အပ်ဖို့လုပ်နေတယ်။ အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်း အခုတော့ တပ်ပြေးဖြစ်သွားတဲ့ ဒတ်စတော်ကာဆိုတဲ့ လူတစ်ယောက်ရှိတယ်။
သူက သေရွာက ပြန်လာတဲ့ သေခြင်းနဲ့ရှင်ခြင်းကြား လမ်းလျှောက်နေတဲ့လူလို့ ပြောကြတယ်။ အားလုံးက သူ့ကိုလန့်ကြတယ်။ ဒီလိုနဲ့ သူမထိသင့်တဲ့ ပစ္စည်းတစ်ခုကိုထိမိရာက ကျိန်စာမိသွားပြီး ကျိန်စာဖြေဖို့လုပ်ရင်း နက်ခ်ရိုမန်နွန်နဲ့ အမှောင်ထုရဲ့သခင်ကို ထိပ်တိုက်ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့ စွန့်စားခန်းကို ကြည့်ရမယ့် ကြည့်ရတော့ကောင်းတဲ့ စွန့်စားခန်းကားကောင်းပါပဲ။