FBI အေးဂျင့် ညီအစ်ကို ၂ ယောက် ရှိတယ်...သူတို့ ညီအစ်ကို ၂ ယောက်ဟာ ဒီအလုပ်ကို တကယ်လည်း ဝါသနာပါသလို အတတ်နိုင်ဆုံး အောင်မြင်အောင် ကြိုးစားလေ့ရှိတယ်...
သို့ပေမယ့် အလွဲကြီးဆိုတဲ့ စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်...
ရှင်းလေ ရှုတ်လေဆိုတဲ့ ညီအစ်ကို ၂ ယောက်ဆိုပါတော့...ဒါကြောင့် အလုပ်က ထွက်ရဖို့ အကြောင်းဖန်လာတယ်...
ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်...
ပြဿနာ တောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီ ရန်မခဘဲ ရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်...
ကဲ သူတို့ ညီအစ်ကို ၂ယောက် အောင်မြင်မလား...ဘယ်လိုအလွဲတွေဖြစ်မလဲ....
ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်လိုက်ပါဦးဗျို့....