လေးယောက်စလုံးကအလုပ်မရှိအကိုင်မရှိတဲ့အပြင် စော်ပါမရှိတာကြောင့်အတော်လေး ဘူနေတာပဲဖြစ်ပါတယ်။ အရက်တစ်ခွက်ဖိုးတောင်ရှင်းရင် တစ်ယောက်နဲ့တစ်ယောက်ဘောလီဘောပုတ်နေကြတာဖြစ်ပြီး အားနေပြဿနာပဲရှာနေကြတာဖြစ်ပါတယ်။
အဲဒါအပြင် တက်ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခုလည်းရှိပါတယ် အဲဒီမျိုးနွယ်စုက ကို့ယ်မျိုးနွယ်စုကလွဲရင်ဘယ်သူ့ကိုမှ လူမထင်သူများစုစည်းနေတဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီမျိုးနွယ်စုကို အုပ်ချုပ်တဲ့ အကြီးအကဲကတော့ နာယာရာနာဆိုတဲ့ ဖိုးတော်ကြီးပဲဖြစ်ပါတယ်။ တစ်နေ့မှာ နာယာရာနာရဲ့ သမီးလေး ဆွေချာက အိမ်ကနေထွက်ပြေးသွားပြီး နာယာရာနာကလည်း မျိုးနွယ်စုသိရင် သူ့သိက္ခာတွေကျဆင်းစိုးတာကြောင့်ပဲ မြို့နယ်ရဲစခန်းဆီသွားပြီး ဒီကိစ္စကို ပြန်ပေးဆွဲခံရတဲ့ပုံစံဖြစ်အောင်လုပ်ဖို့ လာဘ်ထိုးပါတော့တယ်။
ဆွေချာက သူ့အဖေ နာယာရာနာရဲ့လက်အောက်မှာနေရတာရော မျိုးနွယ်စုရဲ့သိက္ခာဘာညာအကြောင်းတွေကြောင့်ရော အိမ်ကနေထွက်ပြေးလာခဲ့တာပါ။ အဲဒီမှာဖြစ်ချင်တော့ စော်မရှိဘော်ဒါကြီးလေးယောက်နဲ့ ဆွေချာတို့က စုံသွားခဲ့ပြီး ဘယ်လိုဇာတ်လမ်းတွေဖြစ်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့ပေးကြပါဦး။