ယခုအခါမှာတော့ Netflix ကနေ Ubisoft နဲ့ ပူးပေါင်းပြီး ဒီ Franchise ကြီးကို ၈ ပိုင်းဆက် Animation အဖြစ် ပွဲထုတ်လာခဲ့ပါပြီ။ ဖန်တီးသူ Derek Kolstad ဆိုတာလည်း Nobody တို့ John Wick 3 တို့ကို ရေးသားထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါအပြင် MC နေရာက အသံသရုပ်ဆောင်ဆိုလည်း မင်းသား Liev Schreiber ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူလျှိုလောကနယ်ပယ်မှာ ဒဏ္ဍာရီတစ်ခု အဖြစ် နာမည်ရထားတဲ့ ဆမ်ဖစ်ရှာတစ်ယောက် သူ့ဘာသာသူ ဘယ်နေရာမှ ဝင်မပါပဲ အေးဆေးဖြတ်သန်းလျက်ရှိပါတယ်။ ဒါပေမဲ့ ဒီလောကတွေဆိုတာ သေမှသာ ထွက်နိုင်စမြဲဆိုတော့ကား တစ်နေ့မှာ အရင်အလုပ်က လူသစ်လေးတစ်ယောက် သူ့ဆီကို ဒုက္ခရောက်ပြီး သောင်တင်လာခဲ့ချိန်မှာတော့ ဆမ်ဖစ်ရှာကြီးတစ်ယောက် ကမ္ဘာ့ပြဿနာအရေးတစ်ခုကို ပြန်ပြီး ဖြေရှင်းရဖို့ ဖြစ်လာပါတယ်….။