⭐️5.9
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Concrete Utopia Universe ရဲ့အဆက် ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် မင်းသားကြီး Ma Dong Seok နဲ့အတူ Lee Jun Young တိုအဓိကပါဝင်ရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးဟာဆိုရင် ခေတ်မှီတိုးတက်နေတဲ့ ဆိုးလ်မြိုလေးဟာ ငလျင်ဒဏ်ကြောင့် နေ့ချင်းညချင်းပျက်စီးသွားခဲ့ပြီး အသက်ရှင်ကျန်သူတွေဟာလည်း အင်အားကြီးသူက အင်အားနည်းသူကိုအနိုင်ကျင့်ရင်း ခေတ်ပျက်ကြီးထဲမှာရှင်သန်နေကြရပါတယ် လူတွေဟာ ကိုယ့်အသက်ကိုပဲ အဓိကထားပြီး ပြစ်မှုမှန်သမျှ ကျူးလွန်နေကြတဲ့ခေတ်ကြီးမှာ မုဆိုးအဖြစ် ရပ်တည်နေတဲ့ Ma Dong Seok အပါအဝင် ရှင်ကျန်ခဲ့တဲ့သူတွေ ဘယ်လိုအသက်ဆက်ရှင်နိုင်အောင်ကြိုးစားကြမလဲ ဒီလိုခေတ်ကြီးမှာတောင် ကမ္ဘာမီးလောင် သားကောင်ချနင်းနေတဲ့လူတွေအပြင် သဘာဝဘေးအန္တရာယ်တွေကိုလည်း ကြုံတွေ့ရမှာဖြစ်လို ရင်တထိပ်ထိပ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်