⭐️6.0
ဒီတစ်ခါမှာတော့ 2000ခုနှစ်ကထွက်ရှိထားတဲ့ Romance Comedy ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Freddie Prinze Jr. နဲ့ Claire Forlani တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်း
ရိုင်ယန်နဲ့ဂျန်နီဖာဟာ ငယ်ငယ်တုန်းက L.Aမြို့ကိုပျံသန်းမယ့် လေယာဥ်ပေါ်မှာ ဘေးချင်းကပ်ထိုင်စီးရာကနေ ခင်မင်ခဲ့ပါတယ် ထို့နောက် ကွဲကွာသွားပြီး နှစ်တွေကြာပြီး တက္ကသိုလ်မှာမှပြန်ဆုံတွေ့ပါတယ်။
ရိုင်ယန်က ဘယ်ကိစ္စမဆိုကိုအလေးအနက်ထားတတ်ပြီး သေချာအစီစဥ်ဆွဲပြီးမှလုပ်တတ်သူပါ။ ဂျန်နီဖာကတော့ ဘာကိုမှသိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူပါ။
ဒီလိုဆန့်ကျင်ဘက်အကျင့်စရိုက်တွေနဲ့သူတို့နှစ်ယောက်ဟာ ကောလိပ်တက်တဲ့အရွယ်မှာပြန်တွေ့တော့လည်း အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။
သူတို့နှစ်ယောက်တစ်ယောက်အပေါ်တစ်ယောက် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေပေမဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကြောက်တာကြောင့် နှစ်ယောက်စလုံးမြိုသိပ်ထားခဲ့ကြပါတယ်။
အကျင့်စရိုက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေမှာအမြင်မတူတာတွေဖြစ်မလဲ?
သူတို့တွေသူငယ်ချင်းအဆင့်ထက်ကျော်သွားမလား?
ဒါမှမဟုတ် တစ်သက်လုံးသူငယ်ချင်းအဖြစ်ပဲဆက်ရှိနေသွားမှာလား?
(အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)