⭐️5.8
ဒီကားလေးကတော့ ဂျက်လီဇာတ်ကားလေးထဲက တစ်ကားဖြစ်ပြီး အခုခေတ်အထိနာမည်ကြီးတဲ့ ကားလေးဖြစ်ပါတယ်ဗျ။ဇာတ်အိမ်စတိုင်က ၁၉ ရာစုပုံစံဖြစ်ပြီး cowboy တွေပါ ပါဝင်ပြီးတော့ action ဆန်ဆန်လေး ချတဲ့အခန်းလေးတွေရော ရိုက်ကူးထည့်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဗျ။
ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဝေါင်ဖယ်ဟွမ်ဆိုတဲ့ တရုတ်ကွန်ဖူးဆရာဟာ အမေရိကန်မှာရှိတဲ့ သူ့တပည့်သွားခေါဆရာဝန် စို နဲ့ တွေ့ဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။အမေရိကန်ကိုရောက်ပြီး ပိုချီလန်ကိုသွားနေတုန်း လမ်းမှာပဲ ဝေါင်ဖယ်ဟွမ်တို့ဟာ လူရိုင်းတွေနဲ့တိုက်ခိုက်တာခံရပြီး လူစုကွဲသွားကာ သူဟာအတိတ်မေ့ပြီး လူရိုင်းမျိုးနွယ်တစ်စုဆီရောက်သွားပါတယ်။
တဖက်မှာလည်း ပိုချီလန်ဟာ တရုတ်အလုပ်သမားတွေရှိနေပေမဲ့ မြိုတော်ဝန်ရော အဲ့ဒီက cowboy တွေကရော တရုတ်တွေဆိုအထင်သေးအမြင်သေးလုပ်ကြပါတယ်။ဒီလိုတင်မကဘူး မြို့တော်ဝန်ဟာနောက်ကွယ်ကနေ တစ်ခုခုမဟုတ်တာလုပ်ဖို့ cowboy ဓားပြတွေနဲ့ အပေးအယူလုပ်နေပါတော့တယ်။ဒီလိုတွေအခက်အခဲကြားကနေ ဝေါင်ဖယ်ဟွမ်ဟာ အတိတ်မေ့နေတဲ့ကိစ္စကိုရော ပိုချီလန်မှာဆက်ဖြစ်လာမဲ့ ကိစ္စတွေကိုရော ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို အားလုံးပဲစောင့်မျှော်ကြည့်ရှုခံစားလိုက်ကြရအောင်။