⭐️6.3
ဂရက် ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်.......
ပင်လယ်ကြီးရဲ့ ဘေး ဇနပုဒ်ရွာက သာမန်လူသား တစ်ယောက်ပါပဲ။။
ဘဝက ခရီးတစ်ခု ဆိုပါစို့...ဆုံးရှုံးမှုတွေကတော့ ကျွန်တော်တို့ ကြုံတွေ့ရမဲ့ မိုင်တိုင်တွေပါပဲ..။
လက်ခံနိုင်သည်ဖြစ်စေ ကြောက်ရွံ့သည်ဖြစ်စေ ကြုံတွေ့ကြရမှာပဲ။
ဂရက်ကြုံတွေ့ရတဲ့ မိုင်တိုင်က တခြားသူတွေထက်ခါးသီးနေဟန်ပါပဲ...
သို့ပေမဲ့ သူဟာ ဆုံးရှုံးမှုကို ဖက်တွယ်ထားတဲ့ အစွဲအလမ်းကြီးသူ တစ်ယောက် ပါပဲ...။
မရှိတော့တဲ့ သူရဲ့ ချစ်သူတစ်ယောက်အတွက် ဖန်ပုလင်းထဲ
စာလေးတွေထည့်ပြီး ပင်လယ်ပြာဆီ မျှောခဲ့တယ်.. လေးနက်ခြင်း လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေကို
ဖွဲ့သီပြီး စာလေးတွေရေးပြီးထည့်ခဲ့တယ်... ဒီဖန်ပုလင်းထဲက စာကိုအမျိုးသမီးတစ်ယောက်ကဖတ်မိတယ်....
ဝါကျတိုလေးတွေဆိုပေမဲ့ စာရေးတဲ့သူရဲ့ ရင်ထဲကခံစားချက်တွေကိုကောင်းကောင်းပုံဖော်နိုင်တယ်...
ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ခါမှမမြင်ဖူးတဲ့ ဖန်ပုလင်းထဲကစာပိုင်ရှင်ကိုတွေ့ချင်လာတယ်...။
ဖန်ပုလင်းထဲက စာတစ်စောင်က မွေးဖွားခဲ့တဲ့ ရေစက်တစ်ခုဟာ ဘာများ ဆက်ဖြစ်သွားသလဲ...
ဆိုတောတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။ စကားမစပ် Roလွန်းတဲ့ ဒီဇာတ်ကားရဲ့ မူရင်း စာရေးဆရာက
ကျွန်တော်တို့ရဲ့ Nicholas Sparkကြီးပါပဲ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)