⭐️6.4
ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ The fortune tellers,Romantic heaven က
မင်းသားကြီး Kim Soo Ro, Parasite, Land of happiness က မင်းသားကြီး Lee Sun Kyun တို့
အဓိကပါဝင်ထားတဲ့ ရာဇဝတ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
~ ဇာတ်လမ်းအညွှန်း ~
မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့
အိုဒုံးချောက ပုံမှန်လခစားရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာနစ်ပြီး
ဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကို
ပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။
အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟိုနဲ့ တွေ့ဆုံခဲ့ပြီးနောက်
ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်း
အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ်ပျက်ခဲ့ရပါတော့တယ်။
အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး
ထယ်ဟီးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ ဒုံးချောဆီကို
"မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ် " ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ...
ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ ပြန်ပေးဆွဲတဲ့အစီအစဉ်လေးက ထင်ထားသလို
ချောချောမွေမွေ့နဲ့ဖြစ်သွားပါ့မလား...
သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာကို ကြားပြီး
ဒုံးချောတစ်ယောက် ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို ဒီကားလေးထဲမှာ အလွဲလေးတွေနဲ့
ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။)