⭐️6.0
ဒီတစ်ခေါက် တရုတ်ဟာသစုံထောက်ကားလေးတွေသဘောကျသူများအဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ရောက်လာခဲ့ပြန်ပါပြီ ဒီဇာတ်လမ်းမှာတော့ ပင်တိုင်စုံထောက်ကြီးနှစ်ယောက်အနေနဲ့ ချင်ဖူအဖြစ် Turbo Liu နဲ့ အားကွေ့အဖြစ် Wang Baoqiang အပြင်ကိုမှ ပိုင်ကျန့်ပန်းအဖြစ် Zhang Xincheng၊ ပိုင်သခင်ကြီးအဖြစ် ဖဲမင်းသားအနေနဲ့လူသိများကြတဲ့ Chow Yun Fat ပါပါဝင်ထားတာကြောင့် လက်လွှတ်မခံဘဲ ကြည့်ရှု့သင့်တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းလေးကတော့ တစ်ညမှာ လူဖြူအမတ်လောင်းဂရန့်ရဲ့သမီးအဲလစ် နဲ့အတူ အမေရိကန်တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တစ်ဦးတို့ အသတ်ခံလိုက်ရပြီး သံသယရှိသူမှာ တရုတ်တန်းရဲ့ အကြီးဆုံးဂိုဏ်းရှဲ့ရှန်ထန်ရဲ့သခင်ကြီးပိုင်ရွှမ်းလင်ရဲ့သား ပိုင်ကျန့်ပန်းဖြစ်နေခဲ့ပါတယ် ထိုအခါ ပိုင်သခင်ကြီးက သူရဲ့သားမတရားမှုအတွက် အမှုစုံစမ်းဖော်ထုတ်ဖို့ စုံထောက်တစ်ယောက်ကို ငှားခဲ့ပါတယ် ထိုစုံထောက်ဟာ စုံထောက်အစစ်မဟုတ်ဘဲ လူလိမ်ချင်ဖူဖြစ်နေခဲ့ပါတယ် ထိုအချိန်မှာ မျိုးနွယ်စုဖခင်ကိုသတ်သွားတဲ့လူသတ်သမားကိုရှာဖို့တောကတက်လာတဲ့ အားကွေ့နဲ့ ချင်ဖူတို့သွားဆုံတဲ့အခါ သူတို့နှစ်ဦး ဘယ်လိုမျိုး အမှုကိုဖြေရှင်းကြမလဲ စုံထောက်အစစ်မဟုတ်တဲ့ ချင်ဖူကရော အမှုကို ဖြေရှင်းနိုင်ပါ့မလား နောက်ကွယ်ကလက်မဲကြီးတွေကရော ဘယ်သူတွေဖြစ်မလဲ ၁၉၀၀ ဝန်းကျင်ခေတ်က လူဖြူနဲ့ လူဝါကြားက ပဋိပက္ခများနဲ့ နိုင်ငံရေးအခင်းအကျင်းများကို ဟာသနှောပြီး ကြည့်ရှု့ရမဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်