⭐️6.0
ဇာတ်လမ်းအကျဉ်း
****
ဂန်ဆန်းအထက်တန်းကျောင်းက ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ချွဲဂီဒုံ(Cha Seung Won) နဲ့
ဘတ်ယောင်းဂျွန်း(Lee Sung Jae) တို့ဟာ အကျင့်စရိုက်မတူကြတဲ့ သူငယ်ချင်း ၂ ယောက်ပဲဖြစ်ပါတယ်.
ငယ်ငယ်က ဆိုးသွမ်းလွန်းလှတဲ့ ကျောင်းသား ချွဲဂီဒုံဟာ အရွယ်ရောက်လာတဲ့အခါ ကျောင်းဆရာဖြစ်သွားခဲ့ပြီး ကျောင်းသားဘဝမှာ တစ်ကျောင်းလုံးထိပ်တန်းကျောင်းသားဖြစ်ပြီး လူကြောက်တတ်တဲ့ ဘတ်ယောင်းဂျွန်းကတော့ လူမိုက်ဂန်းစတားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်.
တစ်နေ့မှာတော့ ငယ်သူငယ်ချင်း ၂ ယောက်အမှတ်မထင် ပြန်တွေ့ကာ ဂီဒုံရဲ့ တပည့်ဖြစ်သူ မင်ဂျူဆော့ရဲ့ အစ်မကို သူငယ်ချင်း ၂ ယောက်လုံး တစ်ပြိုင်နက်တည်း ချစ်မိသွားတဲ့အခါ သူငယ်ချင်းတွေကြား
အချစ်ကြောင့် အားပြိုင်ပုံ သူငယ်ချင်းသံယောဇဉ်တို့ကို ဟာသဆန်ဆန် ဒရမ်မာဆန်ဆန်လေး ရိုက်ပြထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်