⭐️5.6
Chris Evan , Margaret Qualley တို့လို ဟော်လီးဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲတွေ ပါဝင်ထားတဲ့ Dark Comedy ဆန်ဆန် ကားသစ်လေးထွက်လာပါပြီ။
ဇာတ်လမ်းက 90 ဝန်းကျင်ကာလက မြို့ငယ်လေးတစ်ခုမှ တည်ထားတာဖြစ်ပြီး ဟစ်ပီတွေ ဘာသာရေးအစွန်းရောက်တွေ လိင်တူချစ်ကြိုက်မှုကိုနှာခေါင်းရှုံ့ကြတဲ့
အမေရိကရဲ့ အချိန်ကာလဝန်းကျင်တစ်ခုပေါ့..
ဟန်နီဆိုတာက အမျိုးသမီး အလွတ်တန်းစုံထောက်ဖြစ်ပြီး...လူတွေရဲ့ နောက်ကြောင်းနဲ့ အကူညီတောင်းဆိုမှုတွေကို အခကြေးငွေယူပြီး စုံစမ်းကူညီပေးတဲ့လူပါ။
တစ်နေ့မှာ အန်တီလော့တောင်ကြားတစ်ခုမှာ သူ့ကိုအကူညီတောင်းထားတဲ့ မီယာဆိုတဲ့ အမျိုးသမီး ေ-သဆုံးမှုကို စုံစမ်းဖို့ ဇာတ်လမ်းစတည်ထားပါတယ်။
ရက်ဗရန့်ဒရူး တဖြစ်လဲ ခရစ်အီဗန်ကတော့ ဒီမြို့လေးရဲ့ ရုပ်ရှိရေလျှံ လူငယ်တရားဟောဆရာတစ်ယောက်ဖြစ်သလို ဘုရားကျောင်းတစ်ခုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒါပေမဲ့ မျက်ကွယ်မှာတော့ လူတွေထင်သလို သူတော်ကောင်းကြီးမဟုတ်ဘဲ..ဘုရားကျောင်းလာတဲ့ အမျိုးသမီးငယ်လေးတွေနဲ့ အညှီအဟောက်ကိစ္စတွေအပြင် တရားမဝင်မူးယစ်လုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့လူပါ။
စုံထောက်ဟန်နီရဲ့ သေဆုံးသွားတဲ့အမှုသည်နဲ့ တရားဟောဆရာ ရက်ဗရန့်ဒရူးတို့ ဆက်စပ်နေတာကို သိရှိသွားတဲ့အခါ သူတို့ ၂ ဦးထိပ်တိုက်တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်..