Ad P1
Ad P2

The Karate Kid (2010)

Premium By Shine Design With Shroff Templates
Poster
⭐️6.2


Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့ Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့ ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်..ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်.. ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင် *ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်.. ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာအရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် …………..ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင် အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက် ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်.. ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက် တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း)ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ် ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းက အတော်ဆုံးကလေးတွေဆိုတာပါပဲ..နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန် တို့ထိုကိစ္စအတွက်ကြောင့် ကတောက်ကဆ ဖြစ်ပြီး သိုင်းပြိုင်ဖို့လုပ်ကြပေမယ့် မစ္စတာဟန်က မတိုက်ခိုက်ချင်ပါဘူး… သူ့ရဲ့သင်တန်းသားတွေကို ဒရေကို မနှောက်ယှက်ဖို့ပြောခိုင်းပြီး လာမယ့်လူငယ်သိုင်းပြိုင်ပွဲမှာဒရေ လာရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်…..အဲ့ဒီ့နောက်မှာတော့ မစ္စတာဟန်ဟာဒရေကို ကွန်ဖူးပညာတွေစတင်သင်ပေးပါတော့တယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...