Ad P1
Ad P2

Karate Kid: Legends (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.6


ဂျက်ကီချန်းပါဝင်တဲ့ ကရာတေးကောင်လေး ဒုတိယရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတော့ ကရာတေးမင်းသားအသစ်အဖြစ် Ben Wang က ပါဝင်ထားပြီး ဂျက်ကီချန်း အပြင် မူရင်းကရာတေးကစ်မင်းသား Ralph Macchio လည်း ပါဝင်ထားပါတယ်။Karate ရုပ်ရှင်တွေဟာ ၁၉၈၄ မှာပထမဆုံးစတင်ခဲ့ကတည်းက သိုင်းရုပ်ရှင်တွေရဲ့ icon တစ်ခုဖြစ်ခဲ့ပြီး ဆန်ဆေး မီယာဂီဟာလည်း ကမ္ဘာကျော်ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကွန်ဖူးသမားလေးဟာ မိခင်နဲ့အတူ နယူးယောက်ကို ပြောင်းလာရပါတယ်။ လီဖောင်ရဲ့ဆရာ ဟန်ရှီးဖူးကတော့ ဘေဂျင်းမှာ ကျန်ခဲ့တာပါ။လီတစ်ယောက် မိန်းမလေးတစ်ယောက်နဲ့ ရင်းနှီးရာကနေ သူ့အဖေကို လက်ဝှေ့ပြန်ထိုးဖြစ်အောင် ကူညီလိုက်မိပါတယ်။ဒါပေမဲ့ လက်ဝှေ့ပွဲမှာ ဒဏ်ရာရသွားပြီး သူတို့ရဲ့ ပီဇာဆိုင်ပါ ပိတ်ရမလို ဖြစ်တဲ့အခါ လီလည်း သိုင်းပြိုင်ပွဲကနေ ငွေရှာဖို့ ကြိုးစားရပါတော့တယ်။ဒါပေမဲ့ နယူးယောက်ရဲ့ အကြမ်းဆုံးကရာတေးပွဲမှာ နိုင်ဖို့ ဆရာဟန်က လိုက်လာကူပေမဲ့ မလုံလောက်မှန်းသိတာမလို့ မိတ်ဆွေဟောင်းကြီး မီယာဂီရဲ့ တပည့်ရင်း လာရူဆိုကို ကရာတေးသင်ပေးဖို့ အကူအညီတောင်းရပါတော့တယ်။ကွန်ဖူးနဲ့ကရာတေး ပေါင်းစပ်ပြီးတော့ နယူးယောက်ရဲ့ အကြမ်းဆုံးကရာတေးသမားကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ရပါလိမ့်မယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...