⭐️7.6
Rating 7.6 ရရှိထားတဲ့ ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့ Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာ ဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊ စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊ တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။
Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။