Ad P1
Ad P2

In Love and the War (2011)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


2011 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စစ်ပွဲတွေကြားက ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေကို ဖော်ညွှန်းထားတဲ့ ကိုရီယား romantic comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးဆရာမကတော့ ဒီဇာတ်ကားလေးကကို ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲပြီးနောက်ပိုင်းကာလမှာ ဖြောင်းထက်မြို့မှာနေထိုင်ခဲ့တဲ့ အဘွားဖြစ်သူရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ တကယ့်အကျော်အမော်တွေဖြစ်ကြတဲ့ Pained, Witch at court တို့မှ မင်းသမီးကြီး Jung Ryeo Won, Hur Jun, Believer တို့မှ မင်းသားကြီး Kim Joo Hyuk အပြင် တခြားသော နာမည်ကြီး အရန်မင်းသား မင်းသမီးတွေအများကြီး ပါတာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ~~~ ၁၉၅၀ ခုနှစ်ကာလ ဆော့ဂျောင်လီဆိုတဲ့ ရွာလေးတစ်ရွာမှာ ရွာသူရွာသားတွေဟာ ရွာသူကြီးရဲ့ မြေးမလေးဖြစ်သူ ဘတ်ဆောဟီး (Jung Ryeo Won) ရဲ့ ထိမ်းမြားလက်ထပ်ပွဲအတွက် ပြင်ဆင်နေရင်း ပျော်ရွှင်နေခဲ့ကြပေမဲ့ လက်ထပ်ပွဲမတိုင်ခင် ၂ရက်အလိုမှာပဲ မြောက်ပိုင်းတပ်သားတွေ ဝင်ရောက်လာပြီဆိုတဲ့ သတင်းကြောင့် ခင်ပွန်းလောင်းဖြစ်သူက ညတွင်းချင်း ရွာသူရွာသားတွေတောင် မသိလိုက်ရဘဲ ထွက်ပြေးသွားပါတော့တယ်။ မြောက်ပိုင်းတပ်သားတွေလည်း ပြည်သူ့လွတ်လပ်ရေးကြိုးပမ်းမှုကို ဆောင်ရွက်ရမယ်ဆိုတဲ့ တာဝန်နဲ့ ရွာထဲကိုဝင်ရောက်လာကြပြီး မြောက်ပိုင်းတပ်ရဲ့ ဗိုလ်ကြီး(Kim Joo Hyuk)ကတော့ သူငယ်စဉ်တုန်းက တွေ့ခဲ့ရတဲ့ တောင်ပိုင်းကကောင်မလေးကို ရှာဖွေဖို့အတွက် ရောက်ရှိလာခဲ့ပါတယ်။ ဆော့ဂျောင်လီရွာဟာ မြောက်ပိုင်းကွန်မြူနစ်ကို ဆန့်ကျင်ကြသူတွေဖြစ်ပေမဲ့ သူတို့ရဲ့ပြိုင်ဘက်ရွာဖြစ်တဲ့ ဆိုဒိုမိုရွာရဲ့ ကွန်မြူနစ်သစ္စာခံအနေနဲ့ အသက်အန္တရာယ်ကင်းအောင် နေထိုင်ကြတဲ့နည်းလမ်းကို အတုယူပြီး မြောက်ပိုင်းတပ်သားတွေရဲ့ သစ္စာခံအဖြစ်ဟန်ဆောင်ကာ ကြိုဆိုပေးခဲ့ကြပါတယ်။ အဲဒီလိုဟန်ဆောင်ရင်း တပ်သားတွေအတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရင်း တပ်သားတွေနဲ့ ရွာသူရွာသားတွေကြားမှာ ဘယ်လို သံယောဇဉ်တွေ ဖြစ်သွားကြမှာလဲ....တပ်သားတွေကရော သူတို့မြောက်ပိုင်းအထက်အရာရှိတွေရဲ့ ဘယ်လိုအမိန့်တွေကို နာခံဖို့ဖြစ်လာမလဲ....ရွာသူရွာသားတွေကရော မြောက်ပိုင်းတပ်သားတွေလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်လိုက်ကြပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...