Ad P1
Ad P2

Big Match (2014)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက် Lee Jung-jae, Shin Ha-kyun, Lee Sung-min တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ချွဲအီဂို (Lee Jung-jae) ဟာ အံ့သြဖွယ်ကောင်းတဲ့ ခံနိုင်ရည်နဲ့ လက်ဝှေ့စကေးတွေ ပိုင်ဆိုင်ထားပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။ မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အစ်ကိုကြီးအဖရာအဖြစ်ရော နည်းပြအဖြစ်ပါသင်ကြားပေးနေတဲ့ အစ်ကိုချွဲယောင်းဟို (Lee Sung-min) အပေါ်ကိုလည်း အင်မတန်မှ ချစ်ကြောက်ရိုသေတတ်သူပါ။ ဒီလိုအေးချမ်းသာယာတဲ့ဘဝလေးပိုင်ဆိုင်ထားရတဲ့ ချွဲအီဂိုဟာ တစ်နေ့မှာတော့ ရုတ်တရက်ကြီး လူသတ်မှုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး အစ်ကိုဖြစ်သူကပါ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အချုပ်ထဲမှာထိန်းသိမ်းခံထားရတုန်းမှာပဲ အမည်မသိဖုန်းတစ်ကောဝင်လာပြီး အစ်ကိုဖြစ်သူကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ကယ်ချင်ရင် သူခိုင်းတဲ့အတိုင်းလုပ်ဖို့ အမိန့်ပေးခံလိုက်ရပါတော့တယ်။ အဲဒီလူကတော့ Ace (Shin Ha-kyun) လို့ ခေါ်တဲ့လူဖြစ်ပြီး ငွေရှိအသိုင်းအဝိုင်းအတွက် လောင်းကစားဂိမ်းစီစဥ်ပေးတဲ့သူ ဖြစ်နေတဲ့အခါမှာတော့... ချွဲအီဂိုတစ်ယောက် Ace ရဲ့ပြိုင်မြင်းဖြစ်သွားရပြီး အစ်ကို့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ဘယ်လိုဂိမ်းတွေနဲ့ ရင်ဆိုင်သွားရမလဲ... အဲဒီဂိမ်းတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ... အစ်ကို့အသက်ကိုရော ချောချောမွေ့မွေ့နဲ့ ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...