Ad P1
Ad P2

Lady and the Tramp (1955)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


ဒါကတော့ Classis Animation ထဲမှာမှ တော်တော်လေး အမှတ်တရဖြစ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်။ ကြည်နူးဖို့ကောင်းတယ်၊ ဝမ်းနည်းဖို့ကောင်းတယ်၊ တချိန်တည်းမှာ ပျော်ဖို့ကောင်းနေပြန်ပါတယ်။ ခွေးချစ်တတ်တဲ့လူတွေကြည့်ရင် ပိုလို့တောင် ကောင်းပါဦးမယ်။ ရင်ထဲ တနည်းနည်းနဲ့ စွဲစွဲမြဲမြဲဖြစ်သွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမလို့ ကြည့်သင့်ပါတယ်။ ဇာတ်ညွှန်း လူတစ်ယောက်ရဲ့ အဖော်မွန်က ခွေးပဲလို့ကြားဖူးတယ်။ ဒါပေမဲ့ လုံးဝကြီးမှန်နေတာတော့မဟုတ်ဘူး။ လူတစ်ယောက်မှာ အဖော်ဖြစ်နိုင်မယ့်အရာတွေကများလွန်းတယ်။ လူတွေရဲ့ အာရုံစံစားနိုင်စွမ်းက များတာကို။ ဒါပေမဲ့ ခွေးတစ်ကောင်ရဲ့ အဖော်မွန်ကြတော့ သူ့ရဲ့သခင်ပဲ။ သူ့ရဲ့ သခင်သည်သာအရာရာပါ။ လေဒီဆိုတဲ့ အိမ်မွေးခွေးလေးကလည်း ထိုနည်းတူစွာ သူ့သခင် ဒါလင်နဲ့ ဂျင်မ်သည်သာအရာရာပါ။ ဒါပေမဲ့လည်း ဒါလင်မှာ ကိုယ်ဝန်ရလာတော့ လေဒီကိုအရင်လိုမျိုး ဦးစားမပေးတော့ပါဘူး။ ဒါကို လေဒီကလည်း ဝမ်းနည်းပြီး လမ်းပေါ်ရောက်ပြီး ခြေသလုံးအိမ်တိုင်နဲ့တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ အထက်တန်းလွှာက ခွေးလေး လေဒီနဲ့ ခွေးလေခွေးလွင့် ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မှာလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...