⭐️7.5
2008 ခုနှစ်က ပထမဆုံးဇာတ်ကားထွက်ရှိထားတဲ့ ယိမန်ရဲ့ဘဝဇာတ်ကြောင်းရဲ့ အဆက်အနေနဲ့ ဒုတိယမြောက်ဇာတ်ကားဟာ 2010 ခုနှစ်မှာ ထွက်ရှိလာပါတယ်။
ဖိုရှန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ယိမန်ဟာ ဟောင်ကောင်မှာ ဘဝသစ်တစ်ခုကို သုညကနေပြန်စခဲ့ရပါတယ်။ အရာရာအားလုံးက အစမှာခက်ခဲတတ်တာမို့ ယိမန်အတွက် နေရာဒေသသစ်မှာ တပည့်လည်းမရတဲ့အပြင် အိမ်ငှားခတောင် နပ်မှန်အောင်မပေးနိုင်ခဲ့ပါဘူး။
သူ့ရဲ့ရည်ရွယ်ချက်က သိုင်းသင်တန်းကျောင်းလေးတစ်ကျောင်း ဖွင့်ချင်ခဲ့ရုံဆိုပေမဲ့ အဲဒီနယ်မြေရဲ့ နာမည်ကြီးသိုင်းဆရာကြီးတွေနဲ့ကလည်း ပြဿနာတက်ဖို့ အကြောင်းဖန်လာပြန်ပါသေးတယ်။ ဒီလိုအခက်အခဲတွေကိုရင်ဆိုင်ပြီး ဟောင်ကောင်မှာ ဘဝတစ်ခုထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ယိမန်ရဲ့ဘဝဇာတ်ကြောင်း တစ်စိတ်တစ်ပိုင်းကို ဒီဇာတ်ကားမှာ တွေ့ရမှာပဲဖြစ်ပါတယ်။