⭐️7.1
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Actionအမျိုးအစားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဟစ်တလာနဲ့ နာဇီတပ်ဖွဲ့တွေ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံကြီးတွေကို သိမ်းပိုက်အုပ်စိုးနေတဲ့အချိန်ကာလပဲဖြစ်ပါတယ် နာဇီအုပ်စုတွေရဲ့အင်အားကြီးမားမှုကြောင့် အင်္ဂလိန်မှာလည်း သွေးချောင်းစီးတဲ့အခြေအနေဖြစ်နေပါတယ် အဲ့အတွက် Gus March Phillips ဦးဆောင်တဲ့တပ်ဖွဲ့ဟာ ဗြိတိသျှဝန်ကြီးရှင်ရဲ့တရားမဝင်မစ်ရှင်တစ်ခုကို လုပ်ဆောင်ဖို့ဖြစ်လာပါတယ် ဒီမစ်ရှင်ကတော့ ဂျာမန်တွေရဲ့ ရေငုပ်သင်္ဘောတွေကို ရိက္ခာအထောက်အပံ့ပေးနေတဲ့ ဖာနန်ဒိုပိုကျွန်းက ဒူကေးရှားသင်္ဘောကြီးကို ဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ် တရားမဝင်မစ်ရှင်ဖြစ်တဲ့အလျောက် ဗြိတိသျှတွေဘက်က ဖမ်းမိရင် ထောင်ကျမှာဖြစ်ပြီး နာဇီတွေဘက်က ဖမ်းမိရင်တော့ နှိပ်စက်ပြီးအသတ်ခံရမယ့် သူတို့ရဲ့သက်စွန့်ဆံဖျားမစ်ရှင်က အောင်မြင်သွားမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဂျာမနီနဲ့ဗြိတိသျှတို့ရဲ့စစ်ရေးအခြေအနေကရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်
IMDb 7.1/10 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်လို့ ကြည့်ကောင်းမှာတော့အသေအချာပဲဖြစ်ပါတယ်