Ad P1
Ad P2

Miss Baek (2018)

Premium By Shine Design With Shroff Templates
Poster
⭐️7.5


2019 ခုနှစ်ရဲ့ Baek Sang Art Awards, Blue Dragon Awards တို့အပြင် အခြားရုပ်ရှင်ပွဲတော်တွေမှာပါ မင်းသမီး Han Ji Min တစ်ယောက် Best Actress Award နဲ့ အခြားသော ဆုပေါင်း ၁၁ ဆု အထိ ရရှိခဲ့တဲ့ ဇာတ်ကားလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီး Han Ji Minနဲ့အတူ Karma ထဲက မင်းသား Lee Hee Joon အပြင် Kingdom ထဲက ကလေးသရုပ်ဆောင် Kim Si-a တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဘဲ့ဆန်းအာ (Han Ji Min) က ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဘဝပေးအခြေအနေ ဆိုးရွားမှုတွေကြောင့် ဘဝကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေတဲ့သူပါ။ သူ့အ‌နားမှာ အမြဲကာကွယ်ပေးတတ်တဲ့ ရဲအရာရှိ ဂျန်ဆော့ (Lee Hee Joon) ကတော့ ဘဲ့ဆန်းအာနဲ့ အတူတူ ဘဝကို ဖြတ်သန်းဖို့ အမြဲ‌ မျှော်လင့်နေသူ တစ်ယောက်ပေါ့။ ဘယ်သူ့အပေါ်မှ မေတ္တာမထားချင်တဲ့ ဘဲ့ဆန်းအာတစ်ယောက် အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ဂင်ဂျီအွန်း (Kim Si-a) ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ပြီးတဲ့နောက် မိခင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်တွေနဲ့ ဘဝကပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။ ဂင်ဂျီအွန်းကို အကြမ်းဖက်တတ်တဲ့ မိသားစုအသိုင်းအဝိုင်းကနေ ဘဲ့ဆန်းအာတစ်ယောက် ဘယ်လိုနည်းတွေနဲ့ ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရသစုံတဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့ ရမှာပဲ ဖြစ်သလို ဒီကားလေးက ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် က‌လေးသူငယ်အကြမ်းဖက်မှု နှိမ်နင်းရေး ပညာပေးဇာတ်လမ်းလည်း ဖြစ်ပါတယ်။ Kim Si-a ရဲ့ ၁၀နှစ်အရွယ်လေးကတည်းက သရုပ်ဆောင်ပီပြင်ပုံတွေ၊ Han Ji Minရဲ့ ကျွမ်းကျင်တဲ့သရုပ်ဆောင်မှုတွေနဲ့ မေတ္တာတရားကို ထိထိမိမိ ပုံဖော်ပြထားတဲ့အတွက် လိုက်ပါခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...