Ad P1
Ad P2

Moneyball (2011)

Premium By Shine Design With Shroff Templates
Poster
⭐️7.3


ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ... Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ.... ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်... အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်... မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်... သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်... သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက် Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ... လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို အားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်... ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်... IMDbနဲ့ Rotten ကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tinnilar Lwin ပဲဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...