⭐️7.3
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ 2010 ခုနှစ်ဆီက အကောင်းဆုံးကာတွန်းဇာတ်ကားတွေထဲကတစ်ခုလို့ ပြောကြပြီး IMDb 7.3 နဲ့ RT 73% တို့ရထားတဲ့အပြင် critics တွေဆီကပါ မှတ်ချက်ကောင်းတွေရထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ ဉာဏ်ကြီးရှင်ဂြိုဟ်သားစူပါဗီလိန်ဖြစ်တဲ့ မီဂါမိုင်း အကြောင်းပဲဖြစ်ပါတယ်။ စူပါဗီလိန် မီဂါမိုင်း နဲ့ စူပါဟီးရိုး Metro man တို့နှစ်ယောက်ဟာ ကမ္ဘာမြေ Metro city ကိုရောက်လာတဲ့ဂြိုဟ်သားတွေဖြစ်ပါတယ်။ အဲဒီအထဲကမှ မီဂါမိုင်း ကတော့ လူတကာရဲ့အနိုင်ကျင့်ခံဖြစ်ခဲ့ရာကနေ စူပါဗီလိန်ဖြစ်ဖို့ ရည်ရွယ်ချက်တွေပေါက်ဖွားလာတဲ့အထိပါပဲ။ အဲဒီလိုကနေ ၂ယောက်သား နှစ်ပေါင်းများစွာတိုက်ခိုက်လာရင်း တစ်နေ့မှာ Metro Man ကို အနိုင်ရသွားပါတော့တယ်။
ပြိုင်ဘက်မရှိဘဲ ကြာလာတာနဲ့အမျှ မီဂါမိုင်း လည်းတဖြည်းဖြည်းပျင်းရိလာပြီး တိုက်ခိုက်ဖို့ စူပါဟီးရိုးအသစ်တစ်ယောက်ကို ဖန်တီးရာကနေ ဘယ်လိုမှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်မလဲ၊ သူနဲ့ သူ့အဖော် Minion တို့ ဘယ်လိုတွေမွှေမလဲဆိုတာတွေကို ရယ်မောပျော်ရွှင်ရင်း ကြည့်ရှုခံစားနိုင်စေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…