Ad P1
Ad P2

Yadang: The Snitch (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.4


မင်းသား Kang Ha-Neul အပီကြမ်းထားတဲ့ အလန်းစား အက်ရှင်မှုခင်းကားသစ်လေး ထွက်ရှိလာပါပြီ။ မင်းသားကြီး Park Hae-Joon ၊ Yu Hae-Jin နဲ့ မင်းသား Ryu Kyung Soo အစရှိတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ် - ဇာတ်လမ်းအကျဉ်း - အီဂန်ဆူ (Kang Ha-Neul) ကတော့ လူတစ်ဦးရဲ့ ချောက်ချမှုကြောင့် အပြစ်မရှိဘဲ ဆေးမှုနဲ့ ထောင်ထဲရောက်နေသူပါ။ ဂူဂွမ်ဟီး (Yu Hae-Jin) ကတော့ ရည်မှန်းချက်ကြီးတဲ့ အမှုစစ်ဖြစ်ပြီး ရာထူးတိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆေးသမားတွေကို ကြားက သတင်းပေးမယ်ဆိုရင် ထောင်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ဂန်ဆူကို ကမ်းလှမ်းပါတော့တယ်။ ဒီလိုနဲ့ ဂန်ဆူဟာ အမှုစစ်ဂူအတွက် မူးယစ်သတင်းပေး စလုပ်ပေးခဲ့ပြီး အမှုစစ်ဂူလည်း အဲဒီကျေးဇူးကြောင့် ဆေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဖမ်းပြီးတော့ ရာထူးလည်း တစ်ဆင့်ထက်တစ်ဆင့် တက်လာခဲ့တာပေါ့။ တစ်ဖက်မှာလည်း မူးယစ်ဆေးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်ဖြစ်တဲ့ အိုဆန်းဂျယ် (Park Hae-Joon) က အမှုစစ်ဂူကြောင့် သူ့ရဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆက်တိုက် ကျရှုံးနေတာမို့လို့ အမှုစစ်ဂူအပေါ် သိပ်ပြီး အမြင်မကြည်လှသလို ဂန်ဆူနဲ့ အမှုစစ်ဂူတို့ရဲ့ ဆက်ဆံရေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေလေ့ရှိပါတယ်။ ဂန်ဆူ ၊ အမှုစစ်ဂူနဲ့ စုံထောက်အိုတို့ သုံးဦးဟာ ကိုယ်စီ အကျိုးစီးပွားတွေအတွက် အပြန်အလှန် ပတ်သက်ဆက်စပ်မိပြုလာတဲ့အခါမှာတော့.... တောင်ကိုးရီးယား မူးယစ်စုံစမ်းစစ်ဆေးရေးလောကထဲက အားပြိုင်ပုံ အမျိုးမျိုးအဖုံဖုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ အပြေးလေးကြည့်လိုက်ကြပါတော့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ‌ရေးသားထားပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...