⭐️6.2
1980 ကျော်ကာလကရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။
တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို
ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး
ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။
ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး
အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့်
ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို
ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့
ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်
ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး
ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ
အသက်ရှင်ကျန်ရစ်ခဲ့တော့ ပြန်ပြီးလက်စားချေမယ်ဆိုကာ သူ့ရဲ့အဖော်မွန်တွေဖြစ်တဲ့
ကျားသစ်နက်ရယ် သိမ်းငှက်ကြီးရယ် မြွေပါလေးနှစ်ကောင်ရယ်နဲ့
စွန့်စားခန်းကြီး ထွက်ပါတော့တယ်။ လမ်းခရီးတလျှောက် ဘယ်လိုထူးဆန်းခက်ခဲတာတွေ
ကြုံတွေ့ရမလဲ အရမ်းချောတဲ့ ကျွန်မလေးကရော ဘယ်သူလဲ
ဂျင်းစစ်တပ်နဲ့ နတ်ဆရာကြီးမက်စ်တို့ ဘယ်လိုဆက်စပ်နေမလဲ စသဖြင့်
အစုံအလင်နဲ့ ၁၉၈၂ ခုနှစ်ထုတ်ဆိုပေမဲ့လည်း သူ့ခေတ်သူ့အခါနဲ့သူ CGI တွေ
သိပ်မသုံးပဲ ရှိသလောက်နဲ့ ရအောင်ရိုက်ပြထားတာတွေကို ပြန်ပြီး ခံစားရမှာပဲ ဖြစ်ပါတယ်။
အိပ်ရာခန်းတွေ မပါဝင်ပေမဲ့လည်း မိန်းကလေး ရင်သားအလှတွေ ကွင်းကွင်းကွက်ကွက်
ပြသထားတဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျာ။