Ad P1
Ad P2

Mr. Bean's Holiday (2007)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean’s Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။ ဒီ Mr.Bean’s holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ ‘Old but gold’ ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ပထမရထား လွတ် ဖြစ်အောင်လွတ်သွားသေးတဲ့ Mr.Bean ဟာ ဒုတိယ ရထား ဆိုက်ပြန်တော့လည်း လူတစ်ယောက်ကို သူလမ်းလျှောက်နေတဲ့ပုံ ဗွီဒီယို ရိုက်ခိုင်းရင်းနဲ့ အလွဲတွေဖြစ်ပြန်ရော။ သူ့ကို ဗွီဒီယို ရိုက်ပေးနေတဲ့သူက ရထား လွတ်သွားတယ်လေ။ဒါနဲ့ ရထားပေါ်မှာ ပါလာတဲ့ အဲ့လူရဲ့ သားကို စောင့်ရှောက်ဖို့ Mr Bean မှာ တာဝန်ရှိလာပါတော့တယ်။ ဒီသားအဖကို ပြန်ဆုံအောင် Mr.Bean လုပ်ပေးနိုင်မလား ဘယ်လို အလွဲတွေ ထပ်ဖြစ်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ဇာတ်သိမ်းလေးကိုလည်း ကြည်နူးဖွယ်ဖြစ်အောင်ရိုက်ကူးပြထားပါတယ်။ ဟာသဆိုပေမယ့် ကလိထိုးပြီးရယ်ရတာမျိုးမဟုတ်ဘဲ ပေါ့ပေါးပါးပါးနဲ့ ယုတ္တိရှိရှိ ရိုက်ပြထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...