⭐️6.1
မင်းသားကြီး ရှောင်ကွန်နရီရဲ့ ဂန္တဝင်ကားတစ်ကားပဲဖြစ်ပါတယ်။
1983 ခုနှစ်တုန်းက ထွက်ရှိပြီးတော့ အဲဒီခေတ်အဲဒီအခါတုန်းက အခြေအနေနဲ့ဆိုရင်
တော်တော့်ကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးတွေ၊
အက်ရှင်တွေ၊ စိတ်လှုပ်ရှားစရာတွေ တပုံကြီးပါမယ်။
ဒီကားမှာတော့ SPECTRE အဖွဲ့ဟာ ဗြိတိန်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်အစိုးရလက်အောက်က
အမေရိကန်လေတပ်စခန်းကနေ နျူကလီးယားဒုံးကျည်နှစ်လုံးကို ခိုးယူသွားပြီးတော့
ဒီနိုင်ငံတွေဆီကို ခြိမ်းခြောက်အကျပ်ကိုင်ပါတယ်။ အဲဒါကြောင့် ဗြိတိသျှအစိုးရဟာ ၀၀၇ အေးဂျင့်ကို
အသုံးချပြီးတော့ ဒီလက်နက်တွေကိုပြန်ယူဖို့ကြိုးစားပါတော့တယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကတော့ ဟိုအရင်ကတည်းက ခေတ်မီခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး
နာမည်တစ်ခုနဲ့ရပ်တည်လာတာဖြစ်တဲ့အတွက် မကောင်းတဲ့ကားရယ်လို့မရှိဘူးလို့ပြောလို့ရပါတယ်။
မင်းသားကြီးရှောင်ကွန်နရီဟာလည်း ခေသူမဟုတ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။