Ad P1
Ad P2

How to Use Guys with Secret Tips (2013)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ဒီတစ်ခေါက်ရုပ်ရှင်လေးကတော့ ၂၀၁၃ခုနှစ်မှာ ပြသခဲ့တဲ့ Comedy Romance ဇာတ်လမ်းလေးဖြစ်ပါတယ်။ လက်ထောက် ဒါရိုက်တာချွဲဘိုနာ (Lee Si Young) က ဒါရိုက်တာအဖြစ်ပွဲဦးထွက်နိုင်ပေဖို့ ကြိုးစားနေပေမဲ့ ဖိုဝါဒီကြီးစိုးတဲ့ ရုပ်ရှင်လောကထဲမှာ ရုန်းကန်လှုပ်ရှားနေရတဲ့သူ၊ ယောကျ်ားတွေနဲ့ ယှဥ်လိုက်ရင် အမြဲချောင်ထိုးခံထားရသူ တစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ ကြော်ငြာရိုက်ကူးအပြီး ရိုက်ကူးရေးအဖွဲ့က ချွဲဘိုနာကို ကမ်းခြေမှာ ထားပစ်ခဲ့တာကြောင့် ထူးဆန်းတဲ့ စျေးသည်တစ်ယောက်နဲ့တွေ့ပြီး ယောကျ်ားအသုံးပြုနည်းလမ်းညွှန်ဆိုတဲ့ ဗီဒီယိုကို ဝယ်ဖြစ်သွားတယ်။ အဲဒီဗီဒီယိုထဲမှာ ယောကျ်ားတွေကို ထိန်းချုပ်ပြီး ကိုယ်လိုသလို အသုံးချနိုင်မယ့် နည်းလမ်းကောင်းတွေ ပါဝင်တာကြောင့် ချွဲဘိုနာတစ်ယောက် ယောကျ်ားတွေအပေါ် စပြီး စမ်းသပ်ပါတော့တယ်။ စမ်းသပ်ခံယောကျ်ားတွေထဲမှာ အာရှကြယ်ပွင့်ဖြစ်တဲ့ အီဆွန်းဂျယ် (Oh Jung Se)လည်း ပါဝင်ခဲ့တယ်။ အီဆွန်းဂျယ်က ချွဲဘိုနာနဲ့ အစပိုင်းမှာ ကတောက်ကဆဖြစ်ခဲ့ပေမယ့်လည်း နှစ်ယောက်သား ခင်မင်ရင်းနှီးပြီးနောက် တစ်ညတာဆက်ဆံရေးအဆင့်ထိ ရောက်သွားပါတော့တယ်။ ချွဲဘိုနာကတော့ စိတ်ကူးတွေယဥ်နေခဲ့ပေမဲ့ အီဆွန်းဂျယ်ကတော့ သိပ်အလေးမထားခဲ့ပါဘူး။ ဒါကြောင့် အီဆွန်းဂျယ်ကို ပညာပေး ထိန်းချုပ်ပြီး ကိုယ့်နားက မခွာနိုင်အောင် ဗီဒီယိုထဲက နည်းလမ်းတွေကို ဘယ်လိုအသုံးချသွားမလဲ၊ အီဆွန်းဂျယ်ကရော ဗီဒီယိုနဲ့ ထိန်းချုပ်နေတာကို သိသွားမလား၊ ဖိုဝါဒီကြီးစိုးတဲ့ ရုပ်ရှင်လောကထဲ ချွဲဘိုနာတစ်ယောက် ဘယ်လိုရပ်တည်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...