⭐️6.9
ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာ အလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်က အင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့ လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအဆဲခံရမလဲ.. သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ.. ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်း စစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။)