Ad P1
Ad P2

Chhaava (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.9


ဘတ်ဂျက် ရူပီး သန်းထောင့်လေးရာဝန်းကျင်သုံးခဲ့ပြီး Box officeမှာ ရူပီးသန်းရှစ်ထောင်လောက် ပြန်ရခဲ့တဲ့ အိန္ဒိယနန်းတွင်း ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 2025ခုနှစ်ရဲ့ လောလောဆယ်ထွက်ရှိထားတဲ့အိန္ဒိယရုပ်ရှင်တွေမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဆိုလည်း မမှားဘူးပေါ့။ မင်းသားက ဗစ်ကီ မင်းသမီးက ရာ့ရှ်မီးကားတို့ အဓိကပါဝင်ထားကြပါတယ်။ ကမ္ဘာကြီးရဲ့ တခြားဘက်ခြမ်းမှာ လူသားတွေ အသက်ရှင်သန်ဖို့အရေး တိုက်ခိုက်နေကြတုန်းမှာ အိန္ဒိယမှာတော့ ဘာသာတရားပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလို့နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၆ရာစု ပါနီပတ်တိုက်ပွဲအပြီးမှာ မူဂယ်အင်ပါယာရဲ့အလံဟာ ဒေလီထီးနန်းမှာလွှင့်ထူခဲ့ချိန် ရှိခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုကလည်း ပျက်သုန်းခဲ့ရပါတော့တယ်။ ရာစုနှစ်နဲ့ချီပြီး မူဂယ်အင်ပါယာကို အနိုင်တိုက်နိုင်တဲ့သူမရှိဘဲ အချိန်အကြာကြီး မင်းဆိုးမင်းညစ်မူဂယ်ဘုရင်တွေရဲ့ ရက်စက်ယုတ်မာတဲ့ အမှောင်ခေတ်မှာ ရှင်သန်ခဲ့ကြရတာပေါ့။ မကောင်းမှုတွေ ဆိုးယုတ်မှုတွေ မြင့်တက်လာတဲ့အခါတိုင်းမှာ အဲဒီအရာတွေကနေ ကာကွယ်မဲ့သူက မွေးဖွားလာစမြဲမို့ ချက်တရာပါတီရှီဝါဂျီမဟာရာ့ဂျ်ဆိုတဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွက်လာခဲ့ပါတယ်။ မူဂယ်တွေ ရှီဝါဂျီကို ဘယ်လိုမှ မရှင်းလင်းနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ရှီဝါဂျီ သတင်းနဲ့အတူ မူဂယ်အင်ပါယာကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီမှာပဲ မူဂယ်အင်ပါယာကို ပြန်လည်တိုက်ခိုက်ဖို့ သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာချိန်မှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...