Ad P1
Ad P2

The Lord of the Rings: The War of the Rohirrim (2024)

Premium By Shine Design With Shroff Templates
Poster
⭐️6.6


ကမ္ဘာကျော် ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towersထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီးÉowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကိုပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀(နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရအယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainurအိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်းကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကိုဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကိုခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကိုValar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေအလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွားသူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်းစွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ်Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကိုManwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkasရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီးအခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကိုဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင်တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင်ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကိုသတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင်ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်းအားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်ကကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီးအခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက်၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာပါတယ်။ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကိုပြုလုပ်တဲ့သူပါ




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...