⭐️5.0
" အိပ်မက်နဲ့အချစ်"
ဒီတစ်ခေါက်မှာတော့ အင်ဂျင်နီယာဖြစ်ချင်လွန်းတဲ့ ကန်ယာကူမာရီ နဲ့ လယ်သမားဖြစ်ချင်တဲ့
သရူပါတီတိုရဲ့ကျေးရွာအချစ်ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ မိသားစုအခြေအနေကြောင့် စီးပွားရေးဘွဲသာရခဲ့ပြီး
ဆာရီရောင်းနေရတဲ့ ကန်ယာကူမာရီ လက်ထပ်ဖိုအရွယ်ရောက်လာတော့
သူ့ရဲ့အင်ဂျင်နီယာရည်မှန်းချက်ကို အားပေးထောက်ပံ့ပေးနိုင်တဲ့အိမ်ထောင်ဖက်မျိုးကိုသာရှာဖွေနေပါတယ် ။
တစ်ဖက်မှာလည်း လယ်သမားလေး သရူပါတီရဲ့ဖခင်က သရူပါတီအတွက် အိမ်ထောင်ဖက်လိုက်ရှာပေးနေပေမဲ့
ပညာတတ်အမျိုးသမီးအသိုင်းအဝိုင်းတွေက လယ်သမားသမက်ကို အလိုမရှိကြတာကြောင့် အခက်တွေ့နေရပြန်ပါတယ် ။
နောက်ဆုံးမှာ ကန်ယာကူမာရီနဲ့ သရူပါတီ တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ပရိသတ်တိုက ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး။
( အညွှန်းနဲ့ဘာသာပြန်ကတော့ B-Team ဖြစ်ပါတယ်။)