⭐️5.9
ဒီရုပ်ရှင်က ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော ရုပ်ရှင်တစ်ခု
ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလတုန်းက နာဇီဂျာမနီအဖွဲ့
အတွင်း ဟစ်တလာကို ရှင်းပစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့
လှုပ်ရှားမှုအကြောင်းကို
အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ အလားတူပဲ
၂၀၀၈ခုနှစ်တုန်းက Tom Cruise ရဲ့ Valkyrieဇာတ်ကား
ထွက်ရှိခဲ့ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နာဇီအာဏာရှင်စနစ်ကြီးရဲ့
ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဂျာမနီရဲ့
အရာရှိတချို့က ဟစ်တလာရဲ့ ဖက်ဆစ်အုပ်ချုပ်မှုကြီး
အောက်မှာ ဆက်မနေလိုဘဲ ရုန်းထွက်ချင်လာတဲ့အနေနဲ့
ကာနယ် ဗွန် စတက်ဖန်ဘာ့ဂ် ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်
အဖွဲ့ဟာ မဟာအစီအမံကြီးကို
လျှို့ဝှက်ကြံစည်ခဲ့ကြပါတယ်။သူတို့ရဲ့အကြံက နာဇီတို့
ခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကိုလုပ်ကြံပြီး ကမ္ဘာစစ်
အတွင်းမှာ စစ်ရှုံးနေတဲ့ ဂျာမနီနိုင်ငံကို အာဏာလုယူပြီး
လက်နက်ချကာ နိုင်ငံကိုအထိမနာအောင် ကြံစည်ကြမယ့်
အစီအစဉ်ပါ။ သူတို့ရဲ့အကြံ အောင်မြင်မှာလားဆိုတာကို
ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။