⭐️6.1
ဒီရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက
ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး
တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်း ပုံစံကတော့…
မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ
ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး
မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်….
အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့
နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့
အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ
လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး
ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး
ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ
သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ
ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်…ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ
မမြင်ရတဲ့ သတ္တဝါကြီးတွေကရော ဘာကောင်ကြီးတွေဖြစ်နေမလဲဆိုတာ…….။