Ad P1
Ad P2

Secret Fruit (2017)

Premium By Shine Design With Shroff Templates
Poster
⭐️5.9


ဇာတ်လမ်းကတော့ တရုတ်လူငယ်အချစ် ဇာတ်လမ်းလေးပါအချစ်ဦးကို ကျောင်းသားဘဝ မှာ ကြုံတတ်ကြပါတယ် တစ်ဖက်သတ်အချစ်ဆိုတာကိုလဲ ကြုံဖူးမှာပါ ကိုယ်စိတ်ဝင်စားတဲ့ကောင်လေး သို့ ကောင်မလေးက ကိုယ့်ကို ပြန်သဘောကျတာမျိုးလဲ ရှိမှာပါ ဒါမျိုးကြုံဖူးရင်တော့အတိုင်းထက်အလွန်ပေါ့…ကျောင်းသားဘဝကို ကျော်ပြီး တက္ကသိုလ် တက်မှ အချစ် ဆိုတာကို ကြုံဖူးတဲ့လူတွေလဲရှိမှာပါ… များသောအားဖြင့် ကျောင်းတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ crush တွေနဲ့ အမှတ်တရတွေ ရှိဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ ရင်ခုန်တတ်စ အရွယ်မှာ တွေ့ရတဲ့ အချစ်အကြောင်းကို ဖော်ကျူးထားတာပါ အညွှန်း- သွမ်ပေါဝမ်ဆိုတဲ့ ကောင်လေး နဲ့ ယွီချင်းကျစ်ဆိုတဲ့ ကောင်မလေး ဟာ ငယ်ငယ်တည်းက သူငယ်ချင်းတွေပါ ယွီချင်းကျစ် က ငယ်စဉ်ကတည်းက သွမ့်ပေါ်ဝမ်ကို တဖက်သတ်ချစ်နေခဲ့ပါတယ်သွမ် ပေါ်ဝမ်ကတော့ ကျောင်းမှာ စာလာသင်တဲ့ ဆရာမတစ်ဦးကို စိတ်ဝင်စားနေခဲ့ပါတယ် “ဆရာမနဲ့ ကျွန်တော်”ဆိုပါတော့ဒါကို ယွီချင်းကျစ် သိလိုက်တဲ့ အချိန်မှာတော့ သွမ့်ပေါ်ဝမ်အတွက် ဆရာမ အကြောင်းကို စုံစမ်းပေးခဲ့ပါတယ်ဆိုးတာက ဆရာမဆီမှာလဲ ချစ်သူရှိနေတာပါ ယွီချင်းကျစ် ဟာ အင်တာနက်ပေါ်မှာ ဟန်သောင်း ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ် ဒီကောင်လေးက ယွီချင်းကျစ်ကို လိုင်းပေါ်မှာ တင်ဘဲ စိတ်ဝင်စားသွားပါတယ် ကျောင်းကလဲတူတူပါဘဲ ယွီချင်းကျစ် က သူ့ရဲ့တစ်ဖက်သက်အချစ်ကို နောက်ဆုံးချိန်ထိ လျို့ဝှက်သွားနိုင်မလား သူ့ကို စိတ်ဝင်စားနေတဲ့ ဟန်ဒေါင်းကိုဘဲ လက်ခံလိုက်မလား သွမ့်ပေါ်ဝမ်ကကော ချစ်သူရှိတဲ့ ဆရာမကို ပိုင်ဆိုင်နိုင်မလား ဆိုတာကို ကျောင်းအငွေ့အသက်လေးကို တမ်းတရင်း ကြည့်ရှု့ခံစားရမှာပါ ဒီဇာတ်လမ်းလေးကို အတိတ်က အမှတ်တရတွေကို ပြန်လည်တွေးတောရင်းနဲ့ အားပေးကြပါဦး




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...